Desktop မှာအမှိုက်ပုံးပျောက်တဲ့အခါ

 

 Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးက တခါတလေ Desktop မှာပျောက်တတ်ပါတယ်..။ Desktop ပေါ်က Icon တွေဖျက်ရင်းနဲ့ ပါသွားတတ်ပါတယ်..။ နောက်တစ်ခုက Windows7 အသစ်တင်တဲ့အခါ အမှိုက်ပုံးပါမလာတာ ကြုံဖူးပါတယ်..။ ဘယ်ဗားရှင်းလဲဆိုတာတော့ သေချာမမှတ်မိတော့ဘူး..။ Windows7 Home Premium ဖြစ်ဖို့များတယ်..။ အခုဒီနည်းလေးနဲ့ ပဲရှာတွေ့ခဲ့တယ်..။ ဒါကြောင့် လိုလိုမယ်မယ် အမှိုက်ပုံးပျောက်တဲ့သူတွေ ပြန်ရှာတွေ့အောင်လို့ တင်ပေးလိုက်တာပါ..။ နောက် သူငယ်ချင်းတစ်ယောက်ရဲ့ စက်မှာလည်း လိုက်ရှာပေးဖူးတယ်..။ အဲတုန်းကလည်း တခါမှ မကြုံဖူးသေးတော့ တော်တော်လေးရှာလိုက်ရတယ်..။  ဝင်းဒိုးလည်း မတင်တတ်သေးတော့ အတွေ့အကြုံလည်းမရှိသေး.. ဝင်းဒိုးထဲက စာတွေအများကြီး ဖတ်လိုက်ရတယ်..။ တော်တော်ကြာမှ လုပ်နည်းကိုသွားတွေ့တယ်..။
အဲနည်းက ဝင်းဒိုးထဲမှာပဲရှိပါတယ်..။ သူပြောတဲ့အတိုင်း လုပ်လိုက်တော့ လွယ်မှလွယ် .. အခုပုံမှာပြထားတဲ့ အတိုင်းလေးပါပဲ..။ နောက်တင်မယ့်ပိုစ့်မှာ အမှိုက်ပုံး ထဲက အမှိုက်တွရှင်းတာ ပါမှာမို့လို့ အမှိုက်ပုံးထုတ်နည်းလေး အရင်ပြထားတာပါ..။ အရင်ဆုံး Start ကိုသွား Search programs and files နေရာမှာ Desktop icon လို့ရိုက်ထည့်.. ကျန်တာတွေကတော့ ပုံမှာပြထားတဲ့အတိုင်းပါပဲ.. လိုလိုမယ်မယ် လေ့လာထားသင့်ပါတယ်..။



Apply >> OK နှိပ်ပြီးရင်တော့ Desktop မှာ Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံး ပေါ်လာပါပြီ..။

2 comments:

  1. ဇော်ဂျီလက်ကွပ်ရေားရှာလို့ရပါသလား

    ReplyDelete

Related Posts Plugin for WordPress, Blogger...