Version အသစ်ထွက်လာတဲ့ Google Chrome 17.0.963.79 Free Download


ဒီကောင်လေးကတော့ Version အသစ်ထွက်တာ သိပ်မကြာသေးပါဘူး..။ ကျနော်အစောကြီးကတည်းက တင်ပေးမလို့ပါပဲ..။ အလှည့်မရောက်တာပါ..။ ဒီတခါ ဒီဗားရှင်းလေးက ဘာတွေပိုကောင်းလာလဲ ဆိုတော့ ကျနော်တို့ မြန်မာ ဝဘ်ဆိုဒ်တွေတက်ကြည့်တဲ့အခါ မြန်မာစာအားလုံး ဖတ်လို့ရသွားပါပြီ..။ အားနည်းချက်တစ်ခုကတော့ Gmail စာမျက်နှာမှာ မြန်မာစာရိုက်လို့ မရသေးပါဘူး..။ လေးထောင့်ကွက်လေးတွေပဲ ပေါ်ပါတယ်..။ Notepad မှာမြန်မာစာရိုက်ပြီး copy - paste နဲ့ ထည့်ရင်တော့ အဆင်ပြေပါတယ်..။
မိမိတို့ပို့ပြီးသား စာတွေကော ဝင်လာတဲ့စာတွေပါ အားလုံးဖတ်လို့ရသွားပါပြီ..။ ဘာလို့ဒီကောင်လေးကို တင်ပေးရလည်းဆိုတော့ အင်တာနက်မှာ မြန်မြန်ဆန်ဆန် အသုံးပြုချင်တဲ့ သူများအတွက် အဆင်ပြေအောင်လို့ပါ..။ သုံးဖူးတဲ့သူများလည်း သိပါတယ်..။ Google Chrome ဟာ Mozilla Firefox ထက်ပိုမြန်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကအဆင်ပြေတဲ့ လင့်မှာ ဒေါင်းလော့ချသွားလိုက်ပါ..
မြန်မာစာပေါ်အောင် လုပ်နည်းနဲ့ You Tube သီချင်းများ ဒေါင်းရန် ဒေါင်းလော့ဒါ ထည့်နည်းကိုတော့ ဒီလင့်မှာ သွားကြည့်လိုက်ပါ..။



အောက်ကကောင်လေး တွေ့ပြီဆိုရင်တော့ နှစ်ချက်တောက်ပြီး Run လိုက်ပါ..။

အားလုံးပဲအဆင်ပြေကြပါစေဗျာ..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...