Windows7 Version အနိမ့်ကနေ Version အမြင့်ကိုပြောင်းချင်တဲ့သူများအတွက်


windows7 Version အနိမ့်ကနေ Version အမြင့်ကိုပြောင်းချင်တဲ့သူများ ဒီအောက်ကကီးများကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်..။ Windows7 Starter ကနေဆို ဘယ် Version ကိုဖြစ်ဖြစ် ပြောင်းလို့ရပါတယ်..။ Windows7 Home Premium ကနေဆိုရင်တော့ Professional နဲ့ Ultimate ကိုပဲပြောင်းလို့ရမှာဖြစ်ပြီ... Windows7 Professional ကနေဆိုရင်တော့ Ultimate တစ်ခုကိုပဲ ပြောင်းလို့ရမှာဖြစ်ပါတယ်..။
လုပ်နည်းကတော့ လွယ်ပါတယ်..။ အောက်မှာလည်းပုံလေးတွေနဲ့ ပြထားပါတယ်..။ Start က Search ဘောက်စ်မှာ windows any time upgrade လို့အရင်ရိုက်ထည့်ပါ..။ ပုံမှာပြထားတဲ့အတိုင်းဆက်သွားလိုက်ပါ..။

Windows7 Upgrade Keys များ

Window 7 Home Premium အတွက်အောက်က အနီရောင်ကီးများ
2XPWB-Q64BJ-W8CT3-WJTWT-4DQ99

Window 7 Professional အတွက်အောက်က အစိမ်းရောင်ကီးများ
VTDC3-WM7HP-XMPMX-K4YQ2-WYGJ8

Window 7 Ultimate အတွက်အောက်က ခရမ်းရောင်ကီးများ
FJGCP-4DFJD-GJY49-VJBQ7-HYRR2



အောက်ကပုံမှာ Upgrade key ထည့်ပေးရပါမယ်..







မိမိတို့ဆီမှာ Version မမြှင့်ခင် အရင်ဆုံး Windows7 Loader လေးတွေဆောင်ထားသင့်ပါတယ်..။ ဘာလို့လဲဆိုတော့ Version မြှင့်ပြီးသွားရင် ဝင်းဒိုးက Product Key ပြန်တောင်းတတ်ပါတယ်..။ အဲခါကျရင် Loader တခုခုနဲ့ ပြန်ကာလို့ရအောင်လို့ပါ..။ Windows7 Loader တွေကို ညီနေမင်းဆိုဒ်နဲ့ နေမင်းမောင်ဆိုဒ်မှာ အများကြီးတင်ပေးထားပါတယ်..။ လိုလိုမယ်မယ် အရင်သွားရှာပြီး ဒေါင်းထားလိုက်ပါ..။

3 comments:

  1. အစ်ကိုရေ.......ညီလေးရဲ့ ကွန်ပျူတာကစက်ဖွင့်ဖွင့်ခြင်းCPUတွေအရမ်းများနေလို့....ကူညီပေးပါဦးနော်.......

    ReplyDelete
    Replies
    1. ပွင့်ပွင့်လင်းလင်း ပြောရရင် Chit Thu ဆိုလိုတဲ့ အဓ္ဓိပါယ်ကို ကျနော် နားမလည်ပါ.. ဖြစ်နေတဲ့ ပြဿနာကို သေသေချာချာ ပြန်ရေးပြပေးခဲ့ဖို့ အကြံပေးချင်ပါတယ်..။ ကျနော်နားလည်အောင် ရေးပေးနိုင်ရင် 'CPUတွေအရမ်းများနေလို့' ဆိုတဲ့ ပြဿနာကို ကူညီပေးနိုင်လိမ့်မယ် ထင်ပါတယ်.. နောက်တခုက 'ကွန်ပျူတာကစက်ဖွင့်ဖွင့်ခြင်း' စာသားပါနေပြန်တော့ ဖြစ်နိုင်တာက ဒီလင့်က ပိုစ့်အတိုင်း လုပ်ကြည့်ပေးလိုက်ပါ.. အဲ့ဒီပြဿနာကို ဖြေရှင်းဖို့ ဒီပိုစ့်က မှန်ကောင်းမှန်ပေလိမ့်မည်..
      http://lwinminbo.blogspot.com/2012/02/update_20.html
      ဒါနဲ့မရသေးရင် စာပြန်ခဲ့ပါ.. အပေါ်ကလင့်ကို copy-paste နဲ့ Address Bar မှာ ထည့်ပြီး Enter ခေါက်ပြီးသွားလိုက်ပါ.. အဲ့ဒီပိုစ့်ကို ရောက်သွားပါလိမ့်မယ်.. အမှားမဖြစ်အောင် ပုံနဲ့ စာနဲ့ သေချာ ကြည့်ပြီး လုပ်ပေးလိုက်ပါ.. အဆင်ပြေသွားပါလိမ့်မယ်..

      Delete
  2. No such interface supported ဆိုတာလေးကိုဖြေရှင်းပေးပါလားအကို

    ReplyDelete

Related Posts Plugin for WordPress, Blogger...