Microsoft Office Professional Plus 2013 - (32-bit EN-US)
 Microsoft Office 2013 ကို တင်ပေးဖို့ တောင်းထားတဲ့ သူငယ်ချင်းတွေများပါတယ်..။ ဒီနေ့တော့ အချိန်ရတုန်း ဖိုင်တွေခွဲတင်လို့ ပြီးသွားပြီဖြစ်လို့ Microsoft Office 2013 - 32-bit ဗါးရှင်းကို အရင် တင်ပေးလိုက်ပါတယ်..။ 64-bit ကိုတော့ နောက်ရက် ဖိုင်တွေတင်လို့ ပြီးတဲ့နေ့မှပဲ ထပ်တင်ပေးပါမည်..။
 စာစီစာရိုက်အတွက် Microsoft Office Word ၊ စရင်းဇယားတွေ ပြုစုဖန်တီးဖို့ Microsoft Office Excel ၊ Video Effect တွေနဲ့ GIF ဖိုင်တွေ ဖန်တီးယူလို့ လွယ်ကူတဲ့ Microsoft Office Power Point စတဲ့ အသုံးဝင်တူးတွေအပြင် တခြားအသုံးပြုလို့ ရတဲ့ Tool ပေါင်းများစွာကို ဒီဆော့ဝဲလ်ထဲမှာ ရရှိအသုံးပြုလို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ ဒီကောင်လေးကို Install ထည့်တဲ့အချိန်မှစပြီး Activate လုပ်ပြီးတဲ့အချိန်ထိ အင်တာနက်ကို ပိတ်ထားလိုက်ပါ..။ ဒီကောင်လေးကို Activate ဖြစ်ဖို့အတွက် အရင်တစ်ပါတ်က တင်ပေးထားခဲ့တဲ့ KMSpico 9.2.1.0 Install Edition ဆော့ဝဲလ်လေးနဲ့ အဆင်ပြေပါတယ်..။ ဒီဆော့ဝဲလ်တွေ အားလုံးဟာ လက်ရှိကျနော်အသုံးပြုနေတဲ့ ဆော့ဝဲလ်တွေပဲ ဖြစ်ပါတယ်..။ ဒါကြောင့် KMSpico 9.2.1.0 Install Edition ဆော့ဝဲလ်လေးဟာ Microsoft Office 2013 အပြင် Windows 8 / 8.1 တွေကိုပါ Active ဖြစ်ပါတယ်..။ ဒီပိုစ့်မှာ Activate ဖြစ်အောင် လုပ်ပုံတွေကို၊ ပုံတွေနဲ့ မပြပေးတော့ပဲ အရင် KMSpico 9.2.1.0 Install Edition ဆော့ဝဲလ်ပိုစ့်မှာပဲ ပြန်ကြည့်ပေးပါ..။
 Microsoft Office 2013 ကို အသုံးပြုလို့ ရတဲ့ ဝင်းဒိုး ဗါးရှင်းတွေကတော့ Windows 7 နဲ့ Windows 8 / 8.1 တို့မှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာလည်း လိုအပ်တဲ့ System Requirements တွေကို Microsoft ကုမ္ပဏီမှာ ဖေါ်ပြထားတဲ့အတိုင်း ပြန်လည်ဖေါ်ပြပေးထားပါတယ်..။ အသုံးလိုတဲ့သူများကတော့ ဖိုင်တွေမပျက်ခင် အမြန်သာဒေါင်းယူထားကြပါဗျာ..။ ဖိုင်တစ်ခုစီကို 250 MB စီနဲ့ အပိုင်းသုံးပိုင်း ခွဲတင်ပေးထားပါတယ်..။ ဘယ်ဆိုဒ်ကပဲ ဒေါင်းယူယူ အပိုင်းသုံးပိုင်းပြည့်ရင် အပိုင်းတစ်ကနေ ဖိုင်ဖြည်ချလိုက်ပါ..။ ဒါဆိုရင် Microsoft Office Professional Plus 2013 - 32-bit ကို ရရှိ အသုံးပြုနိုင်ပါပြီ..။
ဒီနေ့တင်ပေးလိုက်တဲ့ ဖိုင်တွေကို ဒေါင်းလော့ယူနည်းပိုစ့်အတိုင်း ဒေါင်းယူရမှာ ဖြစ်ပါတယ်..။
(OR)
မှတ်ချက်။ ။ KMSpico 9.2.1.0 Install Edition ဆော့ဝဲလ်ကို Windows 7 မှာ အသုံးပြုမယ်ဆိုရင်တော့ အရင်ဆုံး Microsoft Dot Net Framework 4.0 ကို စက်ထဲမှာ အရင် Install ထည့်ထားပြီးမှ အသုံးပြုလို့ ရမှာပါ..။ ဒါကြောင့် Microsoft Dot Net Framework 4.0 ကို လိုအပ်တဲ့သူများကတော့ ဒီလင့်မှာ သွားယူနိုင်ပါတယ်..။
System Requirements for Microsoft Office Professional Plus 2013
Component Requirement
Operating system Windows Server 2008 R2
Windows 7
Windows Server 2012
Windows 8
Computer and processor 1 GHz or faster x86 or x64-bit processor with SSE2 instruction set.
Memory 1 GB RAM for 32-bit
2 GB RAM for 64-bit
Disk space 2 GB available disk space
Hardware acceleration Graphics hardware acceleration requires DirectX10 graphics card
Monitor resolution 1024 x 576 or higher
Browsers Windows Internet Explorer 8, 9, or 10
Mozilla Firefox 10.x+
Apple Safari 5 (Mac)
Google Chrome 17.x
Internet Used for some features
Multi-Touch features Windows 7 and a touch enabled device
See your computer information
Go to Start > Control Panel > System. That'll give you a quick overview.
Go to Start > Run, type msinfo32, and then press Enter. That’ll give you an in-depth look at all your hardware and software.
7 comments:
  1. အကိုလွင်​မင်းဗိုလ်​ခင်​မျာ
    ကျ​နော့အခက်​အခဲတခုကို​ပြောပြ
    အကူအညီ​တောင်းချင်​လို့ပါ
    ကျ​နော်​စက်​မှာ office2013 တင်​ထားပါတယ်​ အင်​စ​တော လုပ်​ရတာ​ကော fullဗားရှင်းဖြစ်​​အောင်​လုပ်​ရတာပါ အဆင်​​ပြေပါတယ်
    အဲ..သုံးတဲ့အခါကျ​တော့ ၀င်း​ဖောင့်​​တွေသုံးလို့မရဘူးဖြစ်​​နေပါတယ်
    မြန်​မာစာမ​ပေါ်ဘဲ အင်္ဂလိပ်​စာ​တွေပဲ
    တခြား​ aye​ဖောင့်​တို့ win house 
    ဖြစ်​​နေပါတယ်​ စက်​ကလဲ 2013 အသုံးပြုဖို့အတွက်​ အဆင့်​မှီပါတယ်
    အဲတာနဲ့ 2013 ပြန်​ဖြုတ်​ပီး 2010 ပြန်​တင်​​တော့လဲ ၀င်း​ဖောင့်​​တွေအားလုံးသုံးလို့ရ​နေပါတယ်
    အဲတာဘာ​ကြောင့်​လဲ
    ဘယ်​လိုအဆင်​​ပြေ​အောင်​လုပ်​ရမလဲ ​ပြောပြ​ပေးပါအုန်းခမျာ
    အကို..အဆင်​​ပြေ ​အောင်​မြင်​ပါ​စေခမျာ
    ReplyDelete
    Replies
    1. ကို NayMin ,
      Windows 8, 8.1 နဲ့ Office 2013 တို့မှာ မြန်မာ MM3 ဖေါင့်ကို Support လုပ်ထားပါတယ်..။
      ဒါကြောင့် ဒီဝင်းဒိုး၊ ဒီ Office တွေ သုံးမယ်ဆိုရင်တော့ ဒီလိုမျိုးတွေ ဖြစ်တတ်ပါတယ်..။
      သဘောက Unicode ဖေါင့်အချင်းချင်း (လူတွေလို ပြောမယ်ဆိုရင်) နားလည်မှုလွဲတာပါ..။
      အဲ့လိုဖြစ်နေရင်.. ဒီလိုပြောင်းရိုက်ပါ..။ မောက်စ်ကာစာကို စာရိုက်မယ့် နေရာမှာ အရင် နေရာပေးပါ..။
      အကို ပြောင်းသုံးလိုတဲ့ ဖေါင့်ကို font နေရာမှာ အရင် ပြောင်းထားပြီး Enter တစ်ချက်ခေါက်ပါ..။
      Ctrl+Shift နဲ့ မြန်မာလိုတလှည့်၊ E လိုတလှည့် ပြောင်းရိုက်ပါ..။ သုံးကြိမ်လောက် စမ်းပြီးရင် သူ့အထာကို
      သဘောပေါက်သွားပါလိမ့်မယ်..။ ကျနော် ဘုန်းကြီးတစ်ပါးရဲ့ စက်မှာ ဒီလိုနည်းနဲ့ ပြပေးခဲ့လို့
      အဆင်ပြေပြေနဲ့ လိုချင်တဲ့ ဖေါင့်ကို ရိုက်ယူ အသုံးပြုလို့ ရခဲ့ပါပြီ..။ ပြန်စမ်းကြည့်ပါ..။
      အဆင်ပြေပါလိမ့်မယ်..။
      Delete
  2. ကျွန်တော်လည်း MM3 ဖောင့်ကိုတခါမှအသုံးမပြုဖူးဘူးအကို
    အခုအဲ့ဖောင့်ကိုမဖြစ်မနေအသုံးပြုရမှာမို့ စာရိုက်တဲ့အခါမှာ အဆင်မပြေဖြစ်နေတယ်
    ဥပမာ ဟှထိုး တို့ အပေါ်က( သင်္ဂ ) ငသက်တင်
    ရေးမရဘူးဖြစ်နေလို့ နည်းလေးများရှိရင်
    မျှဝေပေးပါလို့တောင်းဆိုပါရစေအကိုရေ
    ReplyDelete
  3. ကျွန်တော်လည်း MM3 ဖောင့်ကိုတခါမှအသုံးမပြုဖူးဘူးအကို
    အခုအဲ့ဖောင့်ကိုမဖြစ်မနေအသုံးပြုရမှာမို့ စာရိုက်တဲ့အခါမှာ အဆင်မပြေဖြစ်နေတယ်
    ဥပမာ ဟှထိုး တို့ အပေါ်က( သင်္ဂ ) ငသက်တင်
    ရေးမရဘူးဖြစ်နေလို့ နည်းလေးများရှိရင်
    မျှဝေပေးပါလို့တောင်းဆိုပါရစေအကိုရေ
    ReplyDelete
    Replies
    1. http://www.myanmarlanguage.org/tools/nhm-keyboard-unicode
      အဲဒီ့ website မှာကြည့်ကြည့်အကို unicode ကို zawgyi လက်ကွက်နဲ့ရိုက်လို့ရတယ်..
      Delete
  4. လက်​​တော့ထဲLine appတင်​ဖွင့်​တာမရဘူးအကို
    နည်း​လေးကူညီပါအုံး
    ReplyDelete
Related Posts Plugin for WordPress, Blogger...